NLP Reading Group, Myanmar

Natural Language Processing (NLP) Myanmar Reading Group ရဲ့ ပထမဆုံးအတန်းအနေနဲ့ Stanford University ရဲ့ Natural Language Processing (CS224N) အတန်းကို အဓိကထားပြီး တခြားသက်ဆိုင်ရာ နောက်ဆုံးထွက် သုတေသနစာတမ်းတွေ၊ NLP model တွေနဲ့ NLP benchmark တွေကိုပါ အတူတူ Seminar-style နဲ့လေ့လာဖို့ရည်ရွယ်ပါတယ်။ Seminar-style ဖြစ်တာကြောင့် spoon-feed သင်ပေးမဲ့ဆရာမရှိပါ။ ကျောင်းသားတွေအချင်းချင်း အလှည့်ကျ တစ်ပတ်ကို တစ်ယောက်စီ တာဝန်ယူပြီး presentation လုပ်ပြီး အတူတူလေ့လာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ လက်ရှိ NLP/ML ကိုအထူးပြုပြီး PhD လုပ်နေတဲ့သူတွေနဲ့ Industry မှာ အတွေ့အကြုံရှိသူတစ်ချို့က discussion ကို guide လုပ်ပေးရုံပဲလုပ်ပေးပါ့မယ်။

အတန်းအပြီးမှာ မြန်မာဘာသာနဲ့ ပတ်သတ်တဲ့ သုတေသန project တစ်ခုကို စိတ်ဝင်စားသူတွေ အတူတူလုပ်ပြီး နာမည်ကြီး NLP conference တစ်ခုမှာ သုတေသနစာတမ်းတစ်ခု အတူတူတင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ Community-based အတန်းဖြစ်ပြီး spoon-feed သင်မှာမဟုတ်တဲ့အတွက် သင်တန်းအပြီး ရမဲ့ certificate တွေဘာတွေမရှိပါ။ ဒါပေမဲ့ ကျောင်းဆက်တက်ချင်ရင်ပဲဖြစ်ဖြစ်၊ company ကြီးတွေမှာ NLPနဲ့ပတ်သတ်တဲ့ အလုပ်လျှောက်ချင်ရင် ဖြစ်ဖြစ် top conference တစ်ခုမှာ စာတမ်းထုတ်ဖူးတယ်ဆိုတဲ့ အတွေ့အကြုံက certificate တွေထက်အများကြီးပိုပြီး အရေးပါပါတယ်။

Reading group ကို စိတ်ဝင်စားပြီးပါဝင်ချင်ရင် ဒီform ကို နိုဝင်ဘာလ ၁ရက်နေ့ နောက်ဆုံးထားဖြည့်ပြီး လျှောက်နိုင်ပါတယ်။

ဆွေးနွေးရာမှာ ပိုမိုထိရောက်မှုရှိစေရန်တွက် လူဦးရေ ၃၀ခန့် လက်ခံမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် Machine Learning/NLPနဲ့ပက်သက်ပြီး လက်ရှိThesisလုပ်နေသူများ/ အတွေ့အကြုံရှိပြီးသူများကို ဦးစားပေးသွားမှာဖြစ်ပါတယ်။ ပါဝင်ခွင့်မရသူများ လေ့လာနိုင်ရန်အတွက် video recording ကို youtube မှာတင်ပေးပါ့မယ်။ ပါဝင်ခွင့်ရသူများကို email ကနေအကြောင်းကြားပါ့မယ်။

Prerequisites


Math:

Programming:

Location and Time


Location: Zoom
Time: Every Sunday, 9am (Myanmar Standard Time)
Class Start Date: 29 November, 2020

Organizers


Aye Hninn Khine(PhD Candidate, Prince of Songkla University, Thailand)
Cho Zin Tun(Lead Data Scientist, Visa)
Phu Mon Htut(PhD Candidate, New York University)
Soe Lynn(Senior Software Engineer, Paypal)